သင့်ကိုယ်ပိုင်နည်းလမ်းဖြင့် ငွေလက်ခံပါ

Receive money your way

 

သင် ငွေလက်ခံလိုသော နည်းလမ်းကို ရွေးချယ်ပါ

ငွေလွှဲကို သင်မည်သည့်အချိန်တွင် လက်ခံရရှိမည်ဖြစ်ကြောင်း သိရှိရန် လိုအပ်ပါသလား။

သင့်ငွေလွှဲထိန်းချုပ်နံပါတ် (MTCN) အသုံးပြု၍ ငွေလွှဲကို ခြေရာခံပါ။ ငွေကို ပေးပို့နေဆဲဖြစ်ကြောင်း သို့မဟုတ် ငွေထုတ်ယူ၍ရနေပြီဖြစ်ကြောင်း ချက်ချင်းသိနိုင်မည်ဖြစ်သည်။

သင် ငွေလက်ခံပုံကို လိုက်လျောညီထွေ ပြောင်းလဲနိုင်ခြင်း

အခြေအနေများ ပြောင်းလဲနိုင်သော်လည်း လူတိုင်း ၎င်းတို့၏ငွေကို လက်ခံရရှိရန် အရေးကြီးပါသည်။ ထို့ကြောင့် Western Union® သည် သင် ငွေလက်ခံသည့်နည်းလမ်းကို ပြောင်းလဲနိုင်အောင် ပြုလုပ်ပေးခြင်းဖြစ်သည်။ အောက်ပါအဆင့်များကို လိုက်နာဆောင်ရွက်ပါ။

ဘဏ်စာရင်းသို့ ငွေထည့်ပါ1

  1. WU.com ရှိ ‘ပေးပို့မည့်နည်းလမ်းကို အပ်ဒိတ်လုပ်ရန်’ ကို ရွေးချယ်ပြီး သင့်ခြေရာခံနံပါတ် (MTCN) ကို ရိုက်ထည့်ပါ။
  2. သင့်အချက်အလက်များနှင့် ဘဏ်စာရင်း အသေးစိတ် အချက်အလက်များကို ဖြည့်ပါ2
  3. ငွေလွှဲကို အပြီးသတ်ရန် သင်၏ငွေပေးပို့သူနှင့် လင့်ခ်ကို မျှဝေပါ။ သင်၏ငွေပေးပို့သူသည် ပေးပို့မည့်နည်းလမ်း အပြောင်းအလဲကို အတည်ပြုရပါမည်။

1အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနှင့် ဂျာမဏီမှ ‌ပေးပို့သော WU.com သို့မဟုတ် Western Union® အက်ပ် ငွေလွှဲများအတွက်သာ အကျုံးဝင်သည်။
2လက်ခံသူ၏အမည်သည် ငွေလွှဲတွင်ဖော်ပြထားသော အမည်၊ ဘဏ်စာရင်းပိုင်ရှင်၏ အသေးစိတ်အချက်အလက်များနှင့် အတိအကျ ကိုက်ညီကြောင်း သေချာပါစေ။ (ဘဏ်စာရင်း အသေးစိတ်အချက်အလက်များသည် နိုင်ငံအလိုက် ကွဲပြားနိုင်ပါသည်။)

လွန်ခဲ့သောနှစ်က ကျွန်ုပ်တို့၏ သုံးစွဲသူများသည် ငွေလွှဲမှုပေါင်း 268 သန်း ပြုလုပ်ကြသည်

ကမ္ဘာတစ်ဝှမ်း

နိုင်ငံနှင့် နယ်မြေပေါင်း 200 ကျော်တွင် ကျွန်ုပ်တို့ ရှိပါသည်

ယုံကြည်အားကိုးရသည်

ကျွန်ုပ်တို့ ငွေပြောင်းရွှေ့လာသည်မှာ သက်တမ်း 145 နှစ်ကျော်ပြီဖြစ်သည်

နှစ်စဉ် $80B

ကျွန်ုပ်တို့သည် တစ်စက္ကန့်လျှင် ငွေလွှဲမှု ပျမ်းမျှ 31 ခု ပြုလုပ်လျက်ရှိပါသည်

အကူအညီ လိုပါသလား။

ကျွန်ုပ်တို့၏ အမေးများသော မေးခွန်းများကို ဝင်ကြည့်ပါ၊ သို့မဟုတ် ဆက်သွယ် မေးမြန်းလိုက်ပါ။

westernunion.com နှင့် အက်ပ်မှတစ်ဆင့် ပြုလုပ်သော ငွေလွှဲမှုများအတွက်-

+66 21 01 8700

(အင်္ဂလိပ်/ထိုင်း- နေ့စဉ် နံနက် 9:30 မှ ည 7.30 အထိ)
westernunion@central.co.th

ကိုယ်စားလှယ်ရုံးများတွင်၊ ATM များမှတစ်ဆင့်နှင့် မိတ်ဖက်ကုမ္ပဏီများ၏ အွန်လိုင်း ဘဏ်လုပ်ငန်း ပလက်ဖောင်း – Krung Thai Bank၊ Bangkok Bank၊ Thanachart Bank၊ Thailand Post၊ Central Department Store၊ Bank of Ayudhya၊ Bank for Agriculture and Agricultural Cooperative မှတစ်ဆင့် ပြုလုပ်သော ငွေလွှဲမှုများအတွက်-

အခမဲ့ ဖုန်းခေါ်ဆိုမှု နံပါတ်- 001-800-852-5385

(ထိုင်း- နံနက် 8 နာရီမှ ည 9 နာရီထိ၊ အင်္ဂလိပ်- 24/7)
CustomerService.Asia@westernunion.com

1 2018 ခုနှစ်၊ ဇွန်လ 30 ရက်မှစတင်၍ ကွန်ရက်ဒေတာအဖြစ် အသုံးပြုပါသည်။

2 ဘဏ်စာရင်း အချက်အလက်ပေးချိန်တွင် သတိထားပါ။ သင်ပေးသော အကောင့်နံပါတ်နှင့်ကိုက်ညီသော ဘဏ်စာရင်းသို့ ငွေသွင်းမည်ဖြစ်သည်။ ငွေလက်ခံသူ၏ အကောင့်သည် ပြည်တွင်းသုံးငွေကြေး ထုတ်ယူရန် အကောင့် ဖြစ်ရပါမည်။